ပညာရေးဝန်ကြီးဌာန
ရန်ကုန်အဝေးသင်တက္ကသိုလ်
ဥပဒေပညာဌာန
17th Batch Post Graduate Diploma in Law(PGDL)
သင်တန်းသားလျှောက်လွှာခေါ်ယူခြင်း
၁။ ရန်ကုန်အဝေးသင်တက္ကသိုလ် လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးမှုဌာန အစီအစဉ်ဖြင့် ဥပဒေ ပညာ ဌာန က ဦးစီး၍ 17th Batch Post Graduate Diploma in Law(PGDL)သင်တန်း အတွက် သင်တန်းသားခေါ်ယူမည်ဖြစ်ပါသည်။
၂။ အဆိုပါသင်တန်းအတွက် ဥပဒေဘွဲ့မှအပ အခြားဘွဲ့ တစ်ခုခု ရရှိပြီးသူများ လျှောက်ထား နိုင် ပါသည်။
၃။ သင်တန်းဝင်ခွင့်နှင့်စပ်လျဉ်းသောအချက်အလက်များမှာအောက်ပါအတိုင်းဖြစ်ပါသည်။
(က) စတင်ဖွင့်လှစ်မည့်ရက် - ၁၂.၉.၂၀၂၃
(ခ) သင်တန်းကာလ - (၁၀) လ
(ဂ) လျှောက်လွှာစတင်လက်ခံမည့်ရက် - ၃.၉.၂၀၂၃
(ဃ) ဝင်ခွင့်လျှောက်လွှာတွင် အထောက်အထားများဖြင့် ပူးတွဲတင်ပြ၍ လျှောက်ထားရမည်။
၄။ သင်တန်းဝင်ခွင့်လျှောက်လွှာများကို ရန်ကုန်အဝေးသင်တက္ကသိုလ်၏ https://law.hrd.yude.edu.mm website မှတစ်ဆင့် (၃.၉.၂၀၂၃) ရက်နေ့၊ နံနက်(၁၁ : ၀၀)နာရီမှ စ၍ Online ဖြင့်ဝင်ခွင့်လျှောက်လွှာ ဖြည့်သွင်း၍ လျှောက်ထားနိုင်ပါသည်။
၅။ သင်တန်းသားဦးရေကန့်သတ်ထားပါသဖြင့် သတ်မှတ်ဦးရေပြည့်ပါက ဝင်ခွင့်လျှောက်လွှာ ပိတ်ပါမည်။ Online ဝင်ခွင့်အောင်မြင်ပြီး သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသူများအား ဝင်ခွင့်ရရှိကြောင်း email ဖြင့် အကြောင်းကြားပါမည်။
၆။ ဝင်ခွင့်ရရှိသူများသည် (၆.၉.၂၀၂၃ မှ ၁၁.၉.၂၀၂၃)ရက်နေ့အထိ ရုံးဖွင့်ရက် ရုံးချိန်အတွင်း ရန်ကုန်အဝေးသင် တက္ကသိုလ်တွင်ကျောင်းအပ်လက်ခံပါမည်။
၇။ သင်တန်းနှင့်ပတ်သက်၍ ဖုန်း-၀၁-၅၃၆၅၈၁၊ ၀၁-၂၃၀၅၉၃၈၊ ၀၁-၅၂၅၁၆၄ တို့သို့ ရုံးချိန်အတွင်း အသေးစိတ်ကို မေးမြန်းစုံစမ်းနိုင်ပါသည်။
၈။ ဆက်သွယ်ရန်လိပ်စာမှာ ရန်ကုန်အဝေးသင်တက္ကသိုလ်၊ ဥပဒေပညာဌာန၊ သထုံလမ်းတွင် ဆက်သွယ်နိုင်ပါသည်။
ဥပဒေပညာဌာန
ရန်ကုန်အဝေးသင်တက္ကသိုလ်
၄၇(က)အင်းလျားလမ်း၊ကမာရွတ်မြို့နယ်
ရန်ကုန်မြို့