Completion requirements
Terms and Conditions For LLB & BA (Law) Programs
- သင်တန်း(၁)နှစ်လျှင် Semester (၂) ခုတက်ရောက်ရမည်။
- Lecture notes, Video lectures and Power points files
များကို user name & password ဖြ င့် ဝင်ရောက်၍ Time Table
အတိုင်းလေ့လာသင်ယူရပါမည်။
- Semester (၁)ခုတွင် (၁) ဘာသာ လျှင် Assignment (၈)ကြိမ်
ကို သတ်မှတ် ထားသောရက်အတွင်းမပျက်မကွက် ဖြေဆိုရမည်။ သို့ဖြစ်ပါ၍ (၁) ကြိမ်လျှင် စုစုပေါင်း
Assignment ၆ခု( ၆ ဘာသာအတွက်) ဖြေဆိုရပါမည်။(Semester (၁) ခု အတွက်စုစုပေါင်းဖြေဆိုရမည့်
Assignments = ၄၈ ခု)
- ကျောင်းသားများ၏ တတ်ကျွမ်းနားလည်မှုကိုဆန်းစစ်နိုင်ရန် အတွက်ဘာသာရပ်အလိုက်
သက်ဆိုင် ရာ Lecturer မှ upload လုပ်ထားသော Quiz များကို လည်း
ကြိုးစား၍ဖြေဆိုရမည်။
- ဘာသာရပ်ဆိုင်ရာဆွေးနွေးမေးမြန်းလိုပါက
Discussion Box တွင်ဝင်ရောက် ဆွေးနွေး မေးမြန်းနိုင်ပါသည်။
- သက်ဆိုင်ရာနှစ်အလိုက် Face to Face သင်တန်းကို Semester
(၁)ခုတွင် (၂ ) ကြိမ် ရန်ကုန် အဝေးသင်တက္ကသိုလ်တွင်လာရောက်သင်ကြား ရမည်။
- Semester(၁)ခုတွင် (၁) ဘာသာ လျှင် Tutorial Test (၁)ကြိမ်
ဖြေဆိုရမည်။
- Examinationကို YUDE Exam Center တွင် လာရောက်ဖြေဆိုရမည်။
- Lecture Notes များလေ့လာခြင်း၊ Assignment နှင့် Tutorial
Test များဖြေဆို ခြင်းကိုမိမိNetwork အစီအစဉ်ဖြင့် ဆောင်ရွက်ရမည်။
- Assignments နှင့် Tutorial Test ဖြေဆိုရန်
ပျက်ကွက်ပါက Incomplete (INC)ဟုသတ်မှတ်မည်။
- သင်တန်းသားများသည်Assignments ၊ Tutorial Test နှင့် Exam
ကိုမိမိကိုယ်တိုင် ဖြေဆိုရပါမည်။
- လူစားထိုးဖြေဆိုခွင့် လုံးဝခွင့်မပြုပါ။
- Assignments ၊ Tutorial Test နှင့် Exam questions
များသည် Random စနစ်ဖြစ်သည်။
မှတ်ချက်- LLB ဘွဲ့သည် ၅နှစ်
တက်ရောက်ရမည် ဖြစ်ပါသည်။
- LLB ဘွဲ့ရရှိပြီးသူများသည် တရားရေးဝန်ထမ်း (JO),
ဥပဒေအရာရှိ (LO)တို့ကိုလျှောက်ထားခွင့်ရှိပါသည်။
- ထို့ပြင် LLB ဘွဲ့ရရှိပြီးပါက
အလုပ်သင်ရှေ့နေ တစ်နှစ်သင်ကြားပြီး သတ်မှတ်ချက်နှင့်ပြည့်
စုံပါကအထက်တန်းရှေ့နေ လိုင်စင် လျှောက်ထားခွင့်ရှိပါသည်။
- အထက်တန်းရှေ့နေအဖြစ်(၃)နှစ်ဆောင်ရွက်ပြီးသတ်မှတ်ချက်နှင့်ပြည့်စုံပါကတရားလွှတ်
တော် ရှေ့နေလိုင်စင်လျှောက်ထားခွင့်ရှိပါသည်။
- BA(Law) ဘွဲ့သည် (၄)နှစ် တက်ရောက်ရမည်
ဖြစ်ပါသည်။
- BA(Law)ဘွဲ့မှာ ရိုးရိုး
ဝိဇ္ဇာဘွဲ့(ဥပဒေပညာ)ဖြစ်သဖြင့် LLB ဘွဲ့ရရှိသူများကဲ့သို့
အလုပ်သင်ရှေ့နေအဖြစ်ဆောင်ရွက်ခွင့်၊ အထက်တန်းရှေ့နေလိုင်စင်လျှောက်ခွင့်ရရှိမည်
မဟုတ်ပါ။
- (၄)နှစ်တက်ရောက်၍ သတ်မှတ်အရည် အချင်း ပြည့်မီ
သူများသည် LLBသင်တန်းတွင်(၁)နှစ် ဆက်လက် တက်ရောက် ခွင့်ရရှိပြီးLLB
ဘွဲ့ကိုရရှိနိုင်ပါသည်။
Last modified: Friday, 4 August 2023, 9:36 PM