Completion requirements
Terms and Conditions For LLB & BA (Law) Programs
- သင်တန်း(၁)နှစ်လျှင် Semester (၂) ခုတက်ရောက်ရမည်။
- Lecture notes, Video lectures and Power points files များကို user name & password ဖြ င့် ဝင်ရောက်၍ Time Table အတိုင်းလေ့လာသင်ယူရပါမည်။
- Semester (၁)ခုတွင် (၁) ဘာသာ လျှင် Assignment (၈)ကြိမ် ကို သတ်မှတ် ထားသောရက်အတွင်းမပျက်မကွက် ဖြေဆိုရမည်။ သို့ဖြစ်ပါ၍ (၁) ကြိမ်လျှင် စုစုပေါင်း Assignment ၆ခု( ၆ ဘာသာအတွက်) ဖြေဆိုရပါမည်။(Semester (၁) ခု အတွက်စုစုပေါင်းဖြေဆိုရမည့် Assignments = ၄၈ ခု)
- ကျောင်းသားများ၏ တတ်ကျွမ်းနားလည်မှုကိုဆန်းစစ်နိုင်ရန် အတွက်ဘာသာရပ်အလိုက် သက်ဆိုင် ရာ Lecturer မှ upload လုပ်ထားသော Quiz များကို လည်း ကြိုးစား၍ဖြေဆိုရမည်။
- ဘာသာရပ်ဆိုင်ရာဆွေးနွေးမေးမြန်းလိုပါက Discussion Box တွင်ဝင်ရောက် ဆွေးနွေး မေးမြန်းနိုင်ပါသည်။
- သက်ဆိုင်ရာနှစ်အလိုက် Face to Face သင်တန်းကို Semester (၁)ခုတွင် (၂ ) ကြိမ် ရန်ကုန် အဝေးသင်တက္ကသိုလ်တွင်လာရောက်သင်ကြား ရမည်။
- Semester(၁)ခုတွင် (၁) ဘာသာ လျှင် Tutorial Test (၁)ကြိမ် ဖြေဆိုရမည်။
- Examinationကို YUDE Exam Center တွင် လာရောက်ဖြေဆိုရမည်။
- Lecture Notes များလေ့လာခြင်း၊ Assignment နှင့် Tutorial Test များဖြေဆို ခြင်းကိုမိမိNetwork အစီအစဉ်ဖြင့် ဆောင်ရွက်ရမည်။
- Assignments နှင့် Tutorial Test ဖြေဆိုရန် ပျက်ကွက်ပါက Incomplete (INC)ဟုသတ်မှတ်မည်။
- သင်တန်းသားများသည်Assignments ၊ Tutorial Test နှင့် Exam ကိုမိမိကိုယ်တိုင် ဖြေဆိုရပါမည်။
- လူစားထိုးဖြေဆိုခွင့် လုံးဝခွင့်မပြုပါ။
- Assignments ၊ Tutorial Test နှင့် Exam questions များသည် Random စနစ်ဖြစ်သည်။
မှတ်ချက်
- LLB ဘွဲ့သည် ၅နှစ် တက်ရောက်ရမည် ဖြစ်ပါသည်။
- LLB ဘွဲ့ရရှိပြီးသူများသည် တရားရေးဝန်ထမ်း (JO), ဥပဒေအရာရှိ (LO)တို့ကိုလျှောက်ထားခွင့်ရှိပါသည်။
- ထို့ပြင် LLB ဘွဲ့ရရှိပြီးပါက အလုပ်သင်ရှေ့နေ တစ်နှစ်သင်ကြားပြီး သတ်မှတ်ချက်နှင့်ပြည့် စုံပါကအထက်တန်းရှေ့နေ လိုင်စင် လျှောက်ထားခွင့်ရှိပါသည်။
- အထက်တန်းရှေ့နေအဖြစ်(၃)နှစ်ဆောင်ရွက်ပြီးသတ်မှတ်ချက်နှင့်ပြည့်စုံပါကတရားလွှတ် တော် ရှေ့နေလိုင်စင်လျှောက်ထားခွင့်ရှိပါသည်။
- BA(Law) ဘွဲ့သည် (၄)နှစ် တက်ရောက်ရမည် ဖြစ်ပါသည်။
- BA(Law)ဘွဲ့မှာ ရိုးရိုး ဝိဇ္ဇာဘွဲ့(ဥပဒေပညာ)ဖြစ်သဖြင့် LLB ဘွဲ့ရရှိသူများကဲ့သို့ အလုပ်သင်ရှေ့နေအဖြစ်ဆောင်ရွက်ခွင့်၊ အထက်တန်းရှေ့နေလိုင်စင်လျှောက်ခွင့်ရရှိမည် မဟုတ်ပါ။
- (၄)နှစ်တက်ရောက်၍ သတ်မှတ်အရည် အချင်း ပြည့်မီ သူများသည် LLBသင်တန်းတွင်(၂)နှစ် ဆက်လက် တက်ရောက် ခွင့်ရရှိပြီးLLB ဘွဲ့ကိုရရှိနိုင်ပါသည်။
Last modified: Friday, 7 March 2025, 3:52 PM